close

မဲဆောက်တွင် နယ်စပ်ဖြတ်ကျော်တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်တိုက်နယ် ရပ်ကွက် ၁ မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ ၁၆ ယောက်ကို မနေ့ညသန်းခေါင်ကျော်  ဇွန် ၂၈ ရက် ဒီမနက် အစောပိုင်းမှာ ဖမ်းဆီးခံရတယ်လို့  ထိုင်းသတင်းမှာ ရေးသားဖော်ပြပါတယ်။

ပစ်ကပ်ကားတစ်စီးပေါ်လိုက်ပါလာတဲ့ အဆိုပါ  တရားမဝင်  ရွှေ့ပြောင်းမြန်မာ ၁၄ ဦး၊ ကလေးငယ်  ၂  ဦးနဲ့ လူကုန်ကူးပို့ဆောင်သူ ၁ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက မြန်မာ-ထိုင်းနယ်စပ်ကနေ စတင်ခြေရာခံလိုက်လာခဲ့ပြီး  မယ်တော် မီးပွိုင့်အရောက်မှာ တားဆီးစစ်ဆေး ဖမ်းဆီးခဲ့တာလို့ ထိုင်း ရပ်ကွက်ဥက္ကဋ္ဌက ဆိုပါတယ်။

ကားပေါ်လိုက်ပါလာသူတွေအားလုံးဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို  တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်တဲ့အတွက်  မဲဆောက်မြို့ပိုင်ရဲ့ ညွှန်ကြားချက်နဲ့  ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

နယ်စပ်မှ ဝင်ရောက်လာတဲ့ မြန်မာ ၁၆ ဦးနဲ့ လူကုန်ကူးပို့ဆောင်သူ ထိုင်းယာဉ်မောင်းအပါ အားလုံးကို တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ ကိုဗစ် စစ်ဆေးမှုပြုလုပ်ပြီး မဲဆောက်မြို့ပိုင် စစ်ဆေးရေးအဖွဲ့ထံ လွှဲပေးထားပါတယ်။

//
Up