close

တရုတ်နိုင်ငံ၏ မဟာဗျူဟာသည် စိန်ခေါ်မှုတခုဖြစ်နေဟု နေတိုးအတွင်းရေးမှူးချုပ်ပြော

တရုတ်နိုင်ငံဟာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ ရန်သူမဟုတ်ပေမဲ့ နေတိုးအတွက် စိန်ခေါ်မှုကြီးတွေကို ကိုယ်စားပြုတယ်လို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဇွန် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

“အခု ကျနော်တို့ဟာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုခေတ်ကို ရင်ဆိုင်နေရတယ်။ ရုရှားနဲ့ တရုတ်အစိုးရတို့ကြား ပိုနက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို တွေ့ရအပြီး တရုတ်အစိုးရရဲ့ ခိုင်မာအားကောင်း အကျပ်ကိုင်တဲ့ မူဝါဒတွေဟာ နေတိုးမဟာမိတ်တွေနဲ့ မိတ်ဘက်တွေရဲ့ လုံခြုံရေးအတွက် အကျိုးဆက်တွေ ရှိနေတယ်။” 

နေတိုးဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အယူအဆသစ်ကို သဘောတူပြီးနောက် ပထမဆုံးအကြိမ် ခုလို မှတ်ချက်ပြုခဲ့တာပါ။

စာမျက်နှာ ၁၀ မျက်နှာပါ စာတမ်းထဲမှာ တရုတ်ဟာ နေတိုးရဲ့ “အကျိုးစီးပွား၊ လုံခြုံရေးနဲ့ တန်ဖိုးထားမှုတွေကို စိန်ခေါ်မှုတခုအဖြစ် ဖော်ပြထားသလို တရုတ်ရဲ့ ဗျူဟာ၊ ရည်ရွယ်ချက်တွေနဲ့ စစ်ရေးတည်ဆောက်မှုတွေမှာ  ပွင့်လင်းမြင်သာမှုမရှိတဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အား” အဖြစ် ဖော်ပြထားပါတယ်။

ဒီအယူအဆဟာ နေတိုးမဟာမိတ်တွေကို ပစ်မှတ်ထားပြီး နေတိုးရဲ့ လုံခြုံရေးကို ထိခိုက်စေရေး ထိပ်တိုက်ရင်ဆိုင်ဖို့ အပြောအဆိုတွေနဲ့ မမှန်မကန် သတင်းပေးတာတွေကို သုံးနေတယ်လို့ တရုတ်ကို စွပ်စွဲထားပါတယ်။

တရုတ်ကတော့ ဒီလိုနည်းဗျူဟာတွေကို ငြင်းဆိုထားပါတယ်။ တရုတ်အစိုးရဟာ အဓိကနည်းပညာနဲ့ စက်မှုကဏ္ဍတွေ၊ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ၊ မဟာဗျူဟာမြောက် ပစ္စည်းတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားတဲ့ စာတမ်းဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး ရည်မှန်းချက်တွေနဲ့လည်း ပတ်သက် သက်ဆိုင်နေပါတယ်။

ဗျူဟာမြောက် မှီခိုအားထားမှုတွေ ဖန်တီးဖို့နဲ့ သူ့ရဲ့သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရာမှာ စီးပွားရေးသြဇာ လွှမ်းမိုးမှုကို သုံးနေတယ်လို့ အယူအဆက ဆိုပါတယ်။

အာကာသ၊ ဆိုက်ဘာနဲ့ ရေကြောင်းပိုင်နက် နယ်မြေတွေအပါအဝင် စည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံတကာအမိန့်ကို ဖျက်ဖို့ တရုတ်က ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ရုရှားနဲ့ တရုတ်အစိုးရတွေကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးဟာ စည်းမျဉ်းအခြေခံ နိုင်ငံတကာ အမိန့်ကို ဖြတ်တောက်ဖို့ တရုတ်နဲ့ ရုရှားကြား အပြန်အလှန် အားဖြည့်ကြိုးပမ်းမှုတွေဖြစ်တာကြောင့် စိုးရိမ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်ထားသွားမယ်လို့လည်း နေတိုးက ပြောခဲ့ပါတယ်။

//
Up