close

တာဝန်မဲ့ မှတ်ချက်မချရန် နာဆာကို တရုတ်အစိုးရ သတိပေး

အာကာသအတွင်း တရုတ်နိုင်ငံရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တာဝန်မဲ့ မှတ်ချက်တွေမချဖို့ တရုတ်အစိုးရက အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာကို ဇူလိုင် ၄ ရက်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ စစ်ရေးဆိုင်ရာ အာကာသအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လ ကို သိမ်းပိုက်ဖို့ တရုတ်က စဉ်းစားနေတယ်လို့ နာဆာရဲ့ စီမံခန့်ခွဲသူ ဘီလ်နယ်လ်ဆင်က ဂျာမန်သတင်းစာ ဘစ်ဒ်ကို မှတ်ချက်ပေးခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာပါ။

တရုတ်အာကာသယာဉ်မှူးတွေက အခြားနိုင်ငံပိုင် ဂြိုဟ်တုတွေကို ဘယ်လို ဖျက်ဆီးရမယ်ဆိုတာ သင်ယူနေတယ်လို့လည်း နယ်လ်ဆင်က အဲဒီတွေ့ဆုံမေးမြန်းခန်းမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ နာဆာက အဖြစ်မှန်တွေကို လျစ်လျူရှုပြီး သူတို့ သဘောကျသလို ပြောဆိုပြီး တရုတ်ကို အပုပ်ချတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန် အရာရှိတချို့က အချက်အလက်တွေကို ဆက်ပြီးဖန်တီးနေတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တုံ့ပြန်ပြောဆိုပါတယ်။

//
Up