close

ရေးမြို့နယ်၌ မူးယစ်ဆေးရောင်းဝယ်သည့်အဖွဲ့ကို YGF ပြောက်ကျားတပ်က ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးနေတဲ့အဖွဲ့ကို   သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူက  ပြောပါတယ်။

ပြည်သူတွေရဲ့ သတင်းပေးချက်အရ  ဇူလိုင် ၅ ရက်က WYဆေးပြား ၂၆၄ ပြား၊   ဘိန်းစာရွက်ပုံပါ အထုပ် ၅၀၊  ဆိုင်ကယ် ၇  စီး၊ ကား ၁ စီးနဲ့ ငွေကျပ်သိန်း ၇၀ တို့ကို ဖမ်းဆီးရမိပြီး လူကိုတော့ ဘာမှမလုပ်ဘဲ သတိပေးကာ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြစ်ဒဏ်ပေးအရေးယူတဲ့ အနေနဲ့ ယာဉ်တွေနဲ့ ငွေကြေးတွေကိုတော့ YGF - ရေးပြောက်ကျားတပ်ဖွဲ့မှ သိမ်းဆည်းလိုက်ပြီး တော်လှန်ရေးအတွက်    လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်လို့ အသိပေးထားပါတယ်။

အခုလို ခေတ်ပျက်ကာလကိုအမှီပြုပြီး အနာဂတ်လူငယ်တွေရဲ့ဘဝကို ပျက်စီးစေမယ့် မည်သည့်မူးယစ်အဖွဲ့ကိုမဆို ဆက်လက်ဖော်ထုတ် ထိရောက်စွာအရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ 

//
Up