လူဟန်စ်ဒေသက ခွဲထွက်ရေးသမားများ စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသ

ယူကရိန်းတပ်ဖွဲ့တွေ လီစီချန့်စ်ခ်ကနေ ဆုတ်ခွာသွားပြီးနောက်မှာ ကိုယ်ပိုင်နိုင်ငံလို့ ကြွေးကြော် ထားတဲ့ လူဟန့်စ်ခ်ပြည်သူ့သမ္မတနိုင်ငံမှ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေ ဟာ ယူကရိန်းစစ်တပ်ရဲ့ မြို့မှာကျန်ခဲ့တဲ့ စစ်ပစ္စည်းကိရိယာတွေနဲ့ လက်နက်တွေကို ဇူလိုင် ၈ ရက်က ခင်းကျင်းပြသခဲ့ပါတယ်။
ပြပွဲမှာ အမေရိကန်လုပ် Javelins နဲ့ ဆွီဒင်လုပ် NLAW တင့်ကားဖျက်ဒုံးစနစ်တွေ၊ ဗြိတိသျှ Saxon သံချပ်ကာတင်သင်္ဘောတွေနဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက်ကျည်တွေနဲ့ တခြား စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာတွေကို ပြသထားပါတယ်။
လူဟန့်စ်ခ် ပြည်သူ့သမ္မတနိုင်ငံ စစ်မြေပြင်တပ်မှူးက “လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းတွေ အများကြီးပါပဲ။ အဓိကအားဖြင့် နိုင်ငံခြားက ထုတ်တဲ့ ခဲယမ်းမီးကျောက်တွေရှိတဲ့ လက်နက်သိုလှောင်ရုံတွေကိုလည်း တွေ့နေရဆဲပဲ” လို့ ရိုက်တာကို ပြောပါတယ်။ “တကမ္ဘာလုံးက သူတို့အတွက် လုပ်နေကြတာ” လို့လည်း ဆိုပါတယ်။
ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း ချုပ်ကိုင်ထားတဲ့ ဒွန်ဘက်စ်ဒေသကို ထိန်းချုပ်နိုင်ရေးအတွက် လူဟန့်စ်ခ်ဒေသက လီစီချန့်စ်ခ်မြို့ဟာ အရေးကြီးတယ်လို့ ရှုမြင်ထားကြပါတယ်။