close

တီလေမန်စ်နှင့် အပြောင်းအရွှေ့ကိစ္စ ဖြေကြားရန် အာဆင်နယ်နည်းပြ ငြင်းဆန်

လက်စတာကွင်းလယ်လူ တီလေမန်စ်နဲ့ အပြောင်းအရွှေ့ကိစ္စမေးမြန်းမှုအပေါ် အာဆင်နယ် နည်းပြအာတီတာက ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ ဂျာမနီနိုင်ငံမှာ သွားရောက်ကစားခဲ့တဲ့ နုရင်ဘက်နဲ့ ခြေစမ်းပွဲမှာ ၅ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး  အဲဒီပွဲစဉ်အပြီးမှာ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာက ပြောပါတယ်။

ဒါပေမဲ့ အာဆင်နယ်ကခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ တီလေမန်စ်နဲ့အ ပြောင်းအရွှေ့ အပေါ်မှာတော့ အသင်းက ကစားသမားမဟုတ်တဲ့အတွက် မှတ်ချက်မပေးလိုကြောင်း အာတီတာက ပြောခဲ့တာပါ။

“ကျနော်တို့ ကစားသမားမဟုတ်တဲ့သူတွေရဲ့အကြောင်းကို ဘယ်တုန်းကမှမ ပြောခဲ့ဖူးပါဘူး။ အပြောင်းအရွှေ့စျေးကွက်ထဲမှာ တိုးတက်မှုတွေရှိလာပြီး ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးချင်းစီကိုတော့ မပြောနိုင်သေးပါဘူး။ လက်ရှိလူစာရင်းအပေါ် အားရပေမဲ့လည်း  ကျနော်တို့လုပ်ဆောင်နိုင်မယ်ဆိုရင် ကစားသမားသစ်တွေ ရောက်လာဖို့ဆက်လုပ်သွားချင်ပါတယ်”လို့ အာတီတာက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်ထိ မန်စီးတီးတိုက်စစ်မှူး ဂျေဆူအပါအဝင် ကစားသမားသစ် လေးယောက်ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ 

//
Up