အသင်းမပြောင်းဘဲ ပွဲထွက်ခွင့်ရရှိရေး တိုက်ပွဲဝင်သွားမည်ဟု မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ပြော

6
မန်ယူအသင်းကနေ ပြောင်းရွှေ့ဖို့မရှိဘဲ ပွဲထွက်ခွင့်တနေရာရရှိဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ နောက်ခံလူ လင်ဒီလော့ဖ်က ပြောပါတယ်။
ဆွီဒင်နောက်ခံလူဟာ ဗာရန်းရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။။ လာမယ့်ရာသီမှာ နည်းပြသစ်အဲရစ်တန်ဟတ် လက်ထက်မှာ ပုံမှန်နေရာပြန်ရဖို့အတွက်လည်း အာမခံချက်မရှိပေမဲ့ အသင်းပြောင်းရွှေ့မှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွာာဖြစ်ကြောင်း လင်ဒီလော့ဖ်ကပြောပါတယ်။
“ယူနိုက်တက်လိုအသင်းတိုင်းမှာက ပွဲထွက်ခွင့်ရမယ့် တနေရာအတွက် တိုက်ပွဲဝင်ရပါတယ်။ ကျနော်အမြဲတမ်းယုံကြည်မှုရှိတယ်။ ဆုဖလားတွေအတွက် ခြေစွမ်းပြသနိုင်ဖို့လိုပါတယ်”လို့ လင်ဒီလော့ဖ်ကပြောပါတယ်။
မန်ယူအသင်းဟာ ဟော်လန်ကလပ် နောက်ခံလူ မာတီနက်ဇ်ကိုလည်း အာဆင်နယ်အသင်းနဲ့ အပြိုင်ခေါ်ယူဖို့ စီစဉ်နေပါတယ်။