မန်စီးတီးတိုက်စစ်ကစားသမား စတာလင်ကို ချဲလ်ဆီးက ပေါင်သန်း ၅ဝ ဖြင့်ခေါ်ယူ

4
ချဲလ်ဆီးအသင်းဟာ မန်စီးတီးအသင်းတိုက်စစ်ကစားသမား စတာလင်ကို ပေါင်သန်း ၅ဝ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက် ညနေပိုင်းမှာ ချဲလ်ဆီးအသင်းနဲ့ ဆေးစစ်ခံယူမှာဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာဖို့ရှိပါတယ်။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဂွါဒီယိုလာရဲ့ ပထမဦးစားပေး ကစားသမားမဟုတ်ခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပါ။
မန်စီးတီးနဲ့လည်း စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပြီး ချဲလ်ဆီးအသင်းက ပေါင်းသန်း ၅၀ အထိပေးချေမှာသွားမှာပါ။
၂၀၁၅ ခုနှစ်က လီဗာပူးကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာတဲ့ စတာလင်ဟာ အသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံ ၃၃၉ ပွဲမှာ ၁၃၁ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။