close

မန်ယူနှင့်ပွဲတွင် အဆုံးသတ်ပိုင်းအားနည်းချက်ကို လီဗာပူးနည်းပြ အပြစ်တင်

မန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဥ်မှာ အဆုံးသတ်ပိုင်း အားနည်းချက်ကို လီဗာပူးနည်းပြ ကလော့ပ်က အပြစ်တင်သွားပါတယ်။

လီဗာပူးအသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၁၂ ရက်က ကစားခဲ့တဲ့  မန်ယူအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

အဲဒီပွဲစဥ်မှာ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကို နည်းပြကလော့ပ်က ထောက်ပြ ပြောဆိုသွားပါတယ်။

ကောင်းမွန်တဲ့အရာတွေ ရှိခဲ့ပေမဲ့ အဓိကအဆုံးအဖြတ်ဖြစ်စေတဲ့ အခိုက်အတန့်တွေမှာ အဆုံးသတ်ပိုင်းနဲ့ ပတ်သက်ပြီး တိကျသေချာမှု မရှိခဲ့ကြောင်း၊ မိမိတို့ဟာ အပိုင်အခွင့်အရေးတွေကို လွှင့်ပစ်ခဲ့ပြီး ယူနိုက်တက်ကတော့ အသုံးချနိုင်ခဲ့ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။

အချက်အလက်တွေအရ လီဗာပူးအသင်းဟာ ဂိုးရဖို့မျှော်လင့်နိုင်မှုမှာ မန်ယူအသင်းထက် အသာရခဲ့ပြီး ၁၈ ကြိမ် ကန်သွင်းခွင့်ရပေမဲ့ မန်ယူအသင်းက ၉ ကြိမ်သာ ကန်ခွင့်ရခဲ့တာပါ။

နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ သောကြာနေ့မှာ ခရစ္စတယ်ပဲလေ့နဲ့ စင်ကာပူနိုင်ငံမှာ ဆက်လက်ခြေစမ်းကစားသွားမှာ ဖြစ်ပါတယ်။

//
Up