close

နည်းပြအပြောင်းအလဲများခဲ့သည့် မန်ယူအသင်းတွင် ခက်ခဲမှုရှိခဲ့ဟု ပေါ့ဘာပြော

နည်းပြအပြောင်းအလဲများခဲ့တဲ့ မန်ယူအသင်းမှာ ကစားခဲ့ရတာဟာ ခက်ခဲမှုရှိခဲ့ကြောင်း ကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းနဲ့ တရားဝင် မိတ်ဆက်ခဲ့အပြီးမှာ ပေါ့ဘာက အသင်းဟောင်းနဲ့ပတ်သက်လို့ ပြောခဲ့တာပါ။

မန်ချက်စတာမှာရှိခဲ့တဲ့ အချိန်တွေဟာ ပျော်ရွှင်စရာဖြစ်ခဲ့ပြီး ရင့်ကျက်တဲ့ လူကြီးတဦး ဖြစ်လာစေခဲ့ကြောင်း၊ မန်ချက်စတာမှာ အမှားတခုခု လုပ်ဆောင်မိတယ်လို့ မခံစားရကြောင်း ပေါ့ဘာက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်းမှာ နည်းပြအပြောင်းအလဲရှိနေတဲ့ အသင်းမှာ ကစားရတာက ခက်ခဲပြီး တခါတလေမှာ ဒဏ်ရာပြဿနာရှိခဲ့တယ် ဆိုတာက အမှန်ဖြစ်ကြောင်း၊ နည်းပြ၊ အသင်း၊ ပြောင်းလဲမှုတွေက သူ့ကို နည်းနည်းထိခိုက်ခဲ့တဲ့ အရာတွေဖြစ်ကြောင်း၊ အခုတော့ သူက နောက်ထပ် ပေါလ်တယောက်၊ နောက်ထပ် ပေါ့ဘာတယောက် ဖြစ်လာကြောင်းနဲ့  ဒဏ်ရာမရဖို့လည်း မျှော်လင့်ပြီး မနှစ်ကရာသီထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ပေါ့ဘာက ပြောပါတယ်။

ဂျူဗင်တပ်စ်အသင်းဆီ မပြောင်းရွှေ့ခင် မန်ယူအသင်းမှာ ရှိစဉ်ကတည်းက ဂျူဗီနည်းပြ အယ်လီဂရီနဲ့ ပြောဆိုမှုတချို့ ရှိခဲ့ကြောင်းလည်း ပေါ့ဘာက ပြောသွားပါတယ်။

//
Up