close

အင်းတော်မြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ့ နေအိမ်နှင့် ပစ္စည်းများကို ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျးရွာကို  စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက်မှာ ဝင်ရောက်ပြီး ပြည်သူလူထုတွေရဲ့  နေအိမ်တွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလယ်ဆိပ်ကျးရွာကို စစ်ကောင်စီတပ်အင်အား ၇၀ လောက်နဲ့ ဝင်ရောက်လာပြီး PDF နဲ့ NLD ပါတီ ထောက်ခံတဲ့နေအိမ်တွေလို့ စွပ်စွဲပြီး  ပြည်သူတွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို  ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “ရွာထဲဝင်လာပြီး ဆိုင်ကယ်တွေ မီးရှို့သွားတယ်။ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရိုက်နှက်ဖျက်ဆီးသွားတယ်။ NLD နဲ့ PDFကို ထောက်ခံလို့ဆိုပြီး ဖျက်ဆီးသွားတာ။ NLD နဲ့ PDF ကိုထောက်ခံတဲ့အိမ်တွေဆိုပြီး ဒလန်က သတင်းပေးလိုက်တာထင်တယ်"လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ အလယ်ဆိပ်ကျေးရွာကို လာရောက်ဖျက်ဆီးသွားတဲ့ စစ်တပ်ဟာ မဲဇာရဲစခန်းမှာ စခန်းချတဲ့ စစ်ကောင်စီတပ်တွေဖြစ်ပြီး လူနေအိမ် ၁၀၀ လောက်နဲ့ ပျက်စီးဆုံးရှုံးခဲ့ကာ ဆိုင်ကယ် သုံးစီး မီးရှို့ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံရွာသား ၁၀၀၀ လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အင်းတော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့  Indaw Revolution(IR)က ထုတ်ပြန်ပါတယ်။

//
Up