ပြိုင်ဘက်များကို ဖရိုဖရဲဖြစ်စေနိုင်သူဟု တိုက်စစ်မှူးဂျေဆုအား နည်းပြအာတီတာ ချီးကျူး

တိုက်စစ်မှူးသစ် ဂါဘရီယယ်ဂျေဆုဟာ ပြိုင်ဘက်တွေကို ဖရိုဖရဲဖြစ်စေနိုင်သူလို့ နည်းပြအာ တီတာက ချီးကျူးပါတယ်။
ဂျေဆုဟာ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲမှာပဲ ၃ ဂိုး သွင်းယူခဲ့ပြီး တခြားသွင်းဂိုးတွေမှာလည်း ပါဝင်ပတ်သက်မှုရှိခဲ့တာပါ။
ဂျေဆုဟာ ပြိုင်ဘက်တွေကို ဖရိုဖရဲ ဖြစ်အောင်ဖန်တီးနိုင်ပြီး ပေါက်ကွဲအားပြင်းသလို အသင်းဖော်တွေနဲ့လည်း နားလည်မှုရှိရှိ ကစားနိုင် သူလို့ နည်းပြအာတီတာက ချီးကျူးပါတယ်။
“သူက ပြိုင်ဘက်တွေကို ဖရိုဖရဲဖြစ်အောင် ဖန်တီးနိုင်တယ်။ မသေချာ မရေရာမှုတွေကိုလည်း ဖန်တီးနိုင်ပြီး တခြားသူတွေရဲ့ ပခုံးထက်မှာ အမြဲရှိအောင် လုပ်ဆောင်နိုင်တယ်။ ဂိုးပေါက်ရှေ့မှာလည်း အမြဲတမ်းရှိနေတယ်။ အမှန်တကယ် ခြိမ်းခြောက်မှုပေးနိုင်တဲ့ ကစားသမားဖြစ်ပြီး ဒါက ကျနော်တို့အသင်းအတွက် လိုအပ်တဲ့သူတဦးဖြစ်တယ်။”
ဂျေဆုဟာ ဘောလုံးရှိမနေချိန်မှာတောင် ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ပြီး ခေါင်းဆောင်နိုင်တဲ့ စွမ်းရည်လည်းရှိကြောင်း နည်းပြအာတီတာက ချီးကျူးစကားဆိုသွားခဲ့ပါတယ်။