close

ဂါဘရီယယ်အတွက် ကွင်းလယ်ကစားသမား ၂ ဦးပါ အလိုက်ပေးကမ်းလှမ်းရန် ဂျူဗင်တပ်စ် စီစဉ်

ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်အတွက် ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်ကစားသမား နှစ်ယောက်ပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

အဓိကနောက်ခံလူ ဒီလစ်က အသင်းပြောင်းဖို့ရှိတာကြောင့် သူ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် အာဆင်နယ်က ဘရာဇီးနောက်ခံလူ ဂါဘရီယယ်ကို ပစ်မှတ်ထားလာတာပါ။

ဂါဘရီယယ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ကွင်းလယ်လူ ရာဘီယူးကို အလိုက်ပေးမှာဖြစ်သလို နောက်ထပ်ကွင်းလယ်လူ အာသာ မယ်လိုကိုပါ တရာသီအငှားချဖို့ ဂျူဗင်တပ်စ်အသင်းက ပြင်ဆင်ထားတာပါ။

အာဆင်နယ်ဘက်ကတော့ အဓိကနောက်ခံလူ ဂါဘရီယယ်ကို ရောင်းချမှာမဟုတ်ကြောင်း ပြောဆိုထားပေမဲ့ ကွင်းလယ်လူ ၂ ဦး ရရှိမယ့်အခြေအနေက မက်လုံးတခု ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်ဟာ မနှစ်က ဇန်နဝါရီမှာကတည်းက ဘရာဇီးကွင်းလယ်လူ အာသာမယ်လိုကို အငှားခေါ်ယူဖို့ နီးစပ်ခဲ့ကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုထားပါတယ်။

//
Up