close

ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်သုံးစွဲခွင့်ပြုရေး အင်ဒိုနီးရှားတရားရုံး ပယ်ချ

ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်ခွင့်ပြုပေးရေး အင်ဒိုနီးရှားနိုင်ငံရဲ့ မူးယစ်ဆေးဝါးဥပဒေအပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လှန်သုံးသပ်ချက်ကို အခြေခံဥပဒေခုံရုံးက ဇူလိုင် ၂၀  ရက်မှာ ပယ်ချလိုက်ပါတယ်။

ဦးနှောက်ချို့ယွင်းနေတဲ့ ကလေးမိခင်သုံးဦးက အရပ်ဘက်အဖွဲ့အစည်းတွေက ကျောထောက်နောက်ခံပေးမှုနဲ့  အင်ဒိုနီးရှားရဲ့ တင်းကျပ်တဲ့ မူးယစ်ဆေးဝါး ဥပဒေကို  ပြန်သုံးသပ်တင်ပြခဲ့တာပါ။

ရောဂါလက္ခဏာတွေကို ကုသဖို့ ဆေးခြောက်သုံးနိုင်ရေးအတွက် ငြင်းခုံခဲ့ကြပါတယ်။ တရားလိုတွေက ထောက်ခံတဲ့ စီရင်ချက်ကို သက်သေပြဖို့ လုံလောက်တဲ့သုတေသန မရှိဘူးဆိုပေမယ့် ကုသရေး သုံးစွဲမှုဆိုင်ရာ သုတေသနကို ချက်ချင်း လုပ်ဖို့ တရားသူကြီးတွေက အစိုးရကို တိုက်တွန်းထားပါတယ်။

သူတို့ရဲ့ သားသမီးတွေအတွက် ကုသမှုလိုနေတဲ့ မိဘတွေရဲ့ မျှော်လင့်ချက်တွေကို တရားရုံးက မြေမြှုပ်ပစ်လို့ စိတ်ပျက်မိတယ်လို့ ကလေးတွေအတွက် ဆေးခြောက်လိုအပ်နေသော မိဘတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့  ထောက်ခံအားပေးသူတွေက ပြောခဲ့ကြပါတယ်။

အင်ဒိုနီးရှားလွှတ်တော်ဟာ မကြာသေးမီက ဆေးခြောက်အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပြီး ဆေးခြောက်ရဲ့ အကျိုးကျေးဇူးတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသွားမယ်လို့ ပြောခဲ့ပါတယ်။

//
Up