close

တိုက်စစ်မှူးဆွာရက်ဇ်ပြန်လာရန် မွေးရပ်မြေကလပ်ပရိသတ်၂၀,၀၀၀ ခန့် တောင်းဆို

တိုက်စစ်မှူးဆွာရက်ဇ် ပြန်လည်ပြောင်းရွှေ့လာဖို့ မွေးရပ်မြေ ဥရုဂွေးကလပ်ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဆွာရက်ဇ်ဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေချိန်မှာ သူပထမဆုံးကစားခဲ့တဲ့ မွေးရပ် မြေကလပ် နေရှင်နယ်အသင်းပရိသတ်တွေက ပြန်လာဖို့တောင်းဆိုခဲ့ကြတာပါ။

ဥရုဂွေးထိပ်သီးကလပ် နေရှင်နယ်အသင်းပရိသတ် ၂၀၀၀၀ လောက်ဟာ ကာရစ်တိုအသင်းနဲ့ အိမ်ကွင်းလိဂ်ပွဲစဉ်မှာ ပွဲချိန် ၉ မိနစ်မှာ ဆွာရက်ဇ်ပုံပါ မျက်နှာဖုံးတွေကို တပ်ဆင်ပြီး အသင်းဟောင်းဆီပြန်လာဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ သူ့အသက် ၁၈ နှစ်အရွယ်မှာ နေရှင်နယ်အသင်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲစဉ် ကစားခဲ့ပြီး လိဂ်ချန်ပီယံဖြစ်အောင် စွမ်း ဆောင်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ကိုခေါ်ယူဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

//
Up