close

ဘာစီလိုနာကို မက်ဆီ ပြန်လာလိမ့်မည်ဟု အသင်းဥက္ကဋ္ဌ လာပေါ်တာ သုံးသပ်

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ တချိန်မှာ ဘာစီလိုနာအသင်းကို ပြန်လာလိမ့်မယ်လို့ အသင်းဥက္ကဋ္ဌ လာပေါ်တေးက ပြောပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ အသင်းဆီပြောင်းရွှေ့ကစားနေတာပါ။

မက်ဆီဟာ ဘာစီလိုနာကို ပြန်လာနိုင်မယ့် အခြေအနေကို လမ်းဖွင့်ပေးထားဖို့က အသင်းရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာနဲ့ ရေစက်ကုန်ပြီလို့ မယုံကြည်ကြောင်း အသင်းဥက္ကဋ္ဌလာပေါ်တေးက ပြောပါတယ်။

“မက်ဆီအပေါ်မှာ အကြွေးတစ်ခု တင်နေသလိုခံစားရတယ်။ ဘာစီလိုနာအသင်း ဥက္ကဋ္ဌတစ်ယောက်ရဲ့ ကျင့်ဝတ်အရတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌတစ်ယောက်အနေနဲ့လည်း ပုဂ္ဂိုလ်ရေးအရမှာ သူ့ဆီအကြွေးတစ်ခုတင်နေတယ်လို့ ယုံကြည်တယ်”လို့ အသင်းဥက္ကဋ္ဌ လာပေါ်တေးက ပြောပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ  ကျန်ရှိတော့တာ ဖြစ်ပါတယ်။

//
Up