ဟာလန်းဟာ တရာသီအတွင်း ဂိုးပေါင်း ၄ဝ ကျော် သွင်းနိုင်ကြောင်း ဒမ်နီမေးလ်သုံးသပ်

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ တရာသီအတွင်းမှာ ဂိုးပေါင်း ၄ဝ ကျော်အထိ သွင်းယူနိုင်ကြောင်း အသင်းနောက်ခံလူဟောင်း ဒမ်နီမေးလ်က ခန့်မှန်းသုံးသပ်သွားပါတယ်။
အသက် ၂၂ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ ဂျာမန်ကလပ် ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
အင်္ဂလန်နဲ့ မန်စီးတီးနောက်ခံလူဟောင်း ဒမ်နီမေးလ်ကတော့ ဟာလန်းဟာ မန်စီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ ဂိုး ၄၀ ကျော်အထိ သွင်းယူနိုင်ကြောင်း သုံးသပ်ခဲ့တာပါ။
“ဟာလန်းဟာ မန်စီးတီးမှာလည်း လက်ဖျားခါလောက်အောင် ခြေစွမ်းပြဖို့ရှိတယ်။ ပွဲတိုင်းသာ ကစားခွင့်ရမယ်ဆိုရင် ပြိုင်ပွဲစုံမှာ ဂိုး ၄၀ ကျော်အထိ သွင်းယူနိုင်လိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ဂိုး ၃၀ သွင်းခဲ့ရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး” လို့ နောက်ခံလူဟောင်း ဒမ်နီမေးလ်က ပြောပါတယ်။
ဟာလန်းဟာ မနှစ်က ဒေါ့မွန်အသင်းမှာ ဒဏ်ရာပြဿနာကြောင့် ၁၆ ပွဲအထိ လွဲချော်ခဲ့ပေမဲ့ ကစားခွင့်ရတဲ့ ပွဲ ၃၀ မှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။