close

ကလေးမြို့နယ် ဥယျာဉ်ကျေးရွာတွင် လူနေအိမ်ခြေ ၅ လုံးမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ဥယျာဉ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၄ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ် ၅ လုံးကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာဘက်ကို စစ်ကြောင်းထိုးလို့ ပြေးကြရတယ်။ ရွာအနီးမှာတိုက်ပွဲလည်းမဖြစ်ဘူး။ ဒီတိုင်းရွာကို သက်သက်မဲ့ဝင်ပြီး မီးရှို့သွားတာ။ တချို့အိမ်တွေဆို အိမ်ထဲက အတွင်းပစ္စည်းတွေကို မွှေနှောက်ခိုးယူသွားကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံမိသားစုဝင်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်ကလည်း ကင်မွန်းခြုံကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၅ လဝန်းကျင်ရှိနေပြီဖြစ်ပြီး ကလေးမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

//
Up