ဖိလစ်ပိုင်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံ၊ လူဇုံကျွန်းမှာ ဇူလိုင် ၂၇ ရက်က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့လို့ မြောက်ပိုင်းပြည်နယ်က ဆေးရုံနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ငလျင်ဟာ မြို့တော်မနီလာကို ဖြတ်ပြီး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒစစ်တမ်း USGS က ပြောပါတယ်။
ဘက်ဂီယိုမြို့မှာ ဇူလိုင် ၂၇ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ အဆောက်အအုံတွေကနေ ထွက်လာတဲ့ လူအုပ်ကြီး လမ်းဘေးမှာ စုဝေးနေကြတာကို ရုပ်သံဗွီဒီယိုတွေမှာ တွေ့ရပါတယ်။
ဒလောရက်စ်မြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင် အကွာမှာ မြေအောက်အနက် ၆ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှု ဒါမှမဟုတ် သေဆုံးမှုနဲ့ ပတ်သက်ပြီး ချက်ချင်း သတင်းမထုတ်ပြန်သေးပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ် ‘မီးကွင်း’ လို့ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အစွန်းတဝိုက်က ကမ္ဘာ့ကျောက်လွှာပြင်ချပ်တွေဆုံရာ ကျွန်းနိုင်ငံဖြစ်လို့ မီးတောင်တွေနဲ့ ပြတ်ရွေ့ကြောတွေ ရှိနေပါတယ်။ ဒါကြောင့် မီးတောင်ပေါက်တာနဲ့ ငလျင်လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လေ့ရှိပါတယ်။