close

ဗီလာအသင်းခေါင်းဆောင်သစ်အဖြစ် ကွင်းလယ်လူ ဂျွန်မက်ဂင်းကို နည်းပြဂျရတ် ခန့်အပ်

အက်စတွန်ဗီလာနည်းပြ ဂျရတ်ဟာ ရာသီသစ်အတွက် အသင်းခေါင်းဆောင်သစ် ရွေးချယ်ရာမှာ ကွင်းလယ်လူ ဂျွန်မက်ဂင်းကို ခန့်အပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က နောက်ခံလူ တိုင်ရုန်မင်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပေမဲ့ လာမယ့်ရာသီသစ်မှာတော့ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို အသင်းခေါင်းဆောင်အဖွဲ့ထဲမှာတောင် ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဒါဟာ အင်္ဂလန်နောက်ခံလူ တိုင်ရုန်မင်စ်ကို ဘောလုံးအပေါ်ပဲ ပိုမိုအာရုံစိုက်နိုင်စေဖို့ ဖြစ်ကြောင်း နည်းပြဂျရတ်က ရှင်းလင်းပါတယ်။

နောက်ခံလူ တိုင်ရုန်မင်စ်ဘက်ကလည်း နည်းပြဂျရတ်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး ပြဿနာတစုံတရာ မရှိကြောင်းနဲ့ ခေါင်းဆောင်သစ် ဂျွန်မက်ဂင်းရဲ့ ဦးဆောင်မှုနဲ့အတူ ဗီလာအတွက် ကစားပေးရမှာက ဂုဏ်ယူစရာဖြစ်ကြောင်း တွစ်တာကနေ ပြောပါတယ်။

အင်္ဂလန်နောက်ခံလူ မင်စ်ဟာ ဗီလာနဲ့ ၂ နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး ပွဲထွက်ခွင့်အတွက် ရုန်းကန်သွားရဖို့ ရှိနေပါတယ်။

//
Up