ဂျပန်ဖုခုရှီးမား နျူကလီးယားညစ်ညမ်းရေများ ပင်လယ်ထဲစွန့်ထုတ်မှု တောင်ကိုရီးယားပြည်သူအချို့ ဆန္ဒပြ

ပျက်စီးနေတဲ့ ဖုခုရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံက နျူကလီးယား ညစ်ညမ်းရေတွေကို ပင်လယ်ထဲစွန့်ထုတ်မယ့် ဂျပန်အစိုးရရဲ့ အစီအစဉ်ကို တောင်ကိုရီးယား ဆန္ဒပြသူတစုက ပြစ်တင်ရှုတ်ချကြပါတယ်။
ဂျပန်အစိုးရရဲ့ အစီအစဉ်ကို ဆန့်ကျင်ပြီး ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ဖို့ တောင်ကိုရီးယား အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
နျူကလီးယား ညစ်ညမ်းရေတွေကို ပင်လယ်ထဲစွန့်ဖို့ ဂျပန်နျူကလီးယား စည်းမျဉ်းအာဏာပိုင်အဖွဲ့ (NRA) က တိုကျို လျှပ်စစ်စွမ်းအင်ကုမ္ပဏီ (TEPCO's) ကို သောကြာနေ့က တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။
“နျူကလီးယား ညစ်ညမ်းရေတွေကို ပင်လယ်ထဲစွန့်ထုတ်တာ ကြီးမားတဲ့ ရာဇဝတ်မှုပဲ။ ဒါဟာ လူသားတွေရဲ့ အနာဂတ်ကို ပျက်စီးစေမယ်” လို့ ဆန္ဒပြသူ ကင်မ်ဆူးဟယောင်းက ပြောပါတယ်။
ပျက်စီးနေတဲ့ စက်ရုံကနေ ပစိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ကြမ်းပြင်အောက်ကို ဥမင်ဖောက်ပြီး အဲဒီကတဆင့် ရေဒီယိုသတ္တိကြွရေတွေကို စွန့်ထုတ်ဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။