close

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံးပြီး ၁၃၀ ကျော်ဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဇူလိုင် ၂၇ ရက်က အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း လူဇုံကျွန်းမှာ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ရစ်ခ်ျတာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်ကြီး လှုပ်ခဲ့တာကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေနဲ့ ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ဘုရားကျောင်းတွေ အပါအဝင် အဆောက်အအုံတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်မှုပေါင်း အကြိမ် ၈၀၀ လောက်ကို ငလျင်ပညာရှင်တွေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ငလျင်လှုပ်တာ အရမ်းပြင်းလို့ အဆောက်အအုံတွေတောင် ရွေ့ကုန်တာကို မြင်ရတယ်လို့ နာမည်ကျော် သမိုင်းဝင်နေရာဖြစ်တဲ့ ဗီဂန်စီးတီးမှာ နေထိုင်သူ အလ်မာ ဆီယာက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လေ့ရှိပြီး မကြာခဏ ငလျင်လှုပ်ခတ်နေတဲ့ ပစိဖိတ် ‘မီးကွင်း’ ပေါ်မှာ တည်ရှိပါတယ်။

ငလျင်တွေဟာ မကြာခဏ လှုပ်ခတ်လေ့ရှိပြီး နှစ်စဉ်ပျမ်းမျှ တိုင်ဖွန်းမုန်တိုင်း ၂၀ လောက် တိုက်ခတ်တတ်တဲ့အပြင် လူအသေအပျောက်များတဲ့ မြေပြိုမှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

//
Up