close

ချဲလ်ဆီးပစ်မှတ် နောက်ခံလူကွန်ဒီကို ဘာစီလိုနာက ကြားဖြတ်ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်နောက်ခံလူ ကွန်ဒီကို ကြားဖြတ်ခေါ်ယူလိုက်ပြန် ပါတယ်။

ချဲလ်ဆီးအသင်းဟာရူဒီဂါနဲ့ ခရစ္စတီယန်ဆန်တို့ထွက်ခွါသွားတဲ့ ဗဟိုခံစစ်နေရာမှာ ကူလီဘာ လီကိုခေါ်ယူထားပေမဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ်ကွန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှုတောင်ရရှိ ထားတာပါ။

အဲဒီအခြေအနေမှာ ဘာစီလိုနာက ချဲလ်ဆီးထက် လက်ဦးမှုရယူကာ ပြင်သစ်နောက်ခံလူကို ပေါင် ၄၅ သန်းလောက်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ ကွန်ဒီအတွက် ပေါင် ၅၅ သန်းအထိ ပေးချေဖို့ ဆီဗီလာနဲ့ အကြမ်းအားဖြင့် သဘောတူညီခဲ့ပေမယ့် ဘာစီလိုနာက ကြားဖြတ်ခေါ် ယူနိုင်ခဲ့တာပါ။

ဘာစီလိုနာဟာ လိဒ်တောင်ပံတိုက်စစ်မှူး ရာဖင်ညာကိုခေါ်ယူတုန်းကလည်း ချဲလ်ဆီးနဲ့ ဆွေးနွေးနေတဲ့ကြားက လက်ဦးမှုရယူပြီးခေါ်ယူနိုင်ခဲ့တာပါ။

အလားတူ ချဲလ်ဆီးကခေါ်ယူလိုက်တဲ့ ဒမ်ဘီလီကိုလည်း ရောင်းချခြင်းမပြုတော့ဘဲ စာချုပ်သက်တမ်းတိုးခဲ့ပါသေးတယ်။ 

ဒီအခြေအနေတွေကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ခံလူ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ နှစ်ယောက် ဘာစီလိုနာကို ပြောင်းရွှေ့ ခွင့်ပေးတော့မှာမဟုတ်ကြောင်းလည်း သတင်းထွက်ပေါ် လာခဲ့ပါတယ်။ 

//
Up