တိုက်စစ်မှူး ဖေမီနိုကို ရောင်းချမည်မဟုတ်ဟု နည်းပြကလော့ပ်ပြော

တိုက်စစ်မှူး ဖေမီနိုဟာ လီဗာပူးအသင်းရဲ့ အသည်းနှလုံးဖြစ်တာကြောင့် ရောင်းချဖို့ မရှိကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
စာချုပ်သက်တမ်း တနှစ်ပဲကျန်တော့တဲ့ ဘရာဇီးတိုက်စစ်မှူးကို အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းမှုတခု ပြုလုပ်ထားတာပါ။
နည်းပြ ယာဂန်ကလော့ပ်ကတော့ တိုက်စစ်မှူး ဖေမီနိုဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ မသိပေမဲ့ အသင်းအတွက် လိုအပ်တဲ့သူဖြစ်ကြောင်း ပြောပါတယ်။
“ဘော့ဘီက အသင်းရဲ့ အသည်းနှလုံး ဝိညာဉ်ပါပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော်တို့ ကစားသွားတဲ့ ကစားကွက်ကို ဘော့ဘီကြောင့်သာ ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် လက်ရှိအချိန်အထိ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ရှိနေတာဟာ ပျော်ရွှင်စရာပါ။ သူ့ရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပါဘူး။ ကျန်တာကတော့ ဒီနှစ်အတွက် ဘာဖြစ်မလဲ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးတိုက်စစ်မှာ မာနေး ထွက်ခွာသွားပေမဲ့ ဒီယက်ဇ်နဲ့ ဒါဝင်နူနက်ဇ်တို့အပြင် ဆာလာနဲ့ ဂျိုတာတို့ပါ ရှိနေလို့ ဖေမီနိုအနေနဲ့ ပွဲထွက်ကစားခွင့်ရဖို့ မသေမချာ ဖြစ်နေပါတယ်။