close

အပြောင်းအရွှေ့မှာ လုပ်ဆောင်စရာတွေ ကျန်သေးကြောင်း အာဆင်နယ်ဒါရိုက်တာ အီဒူးပြော

အပြောင်းအရွှေ့စျေးကွက်မှာ လုပ်ဆောင်စရာတွေ ကျန်ရှိနေသေးကြောင်း အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အီဒူးက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၅ ဦးအထိ ခေါ်ယူထားတာပါ။

ကွင်းလယ်လူတွေဖြစ်တဲ့ ဗီအဲယာ၊ မာကွင်ဟို့စ်၊ ဂိုးသမား မက်တာနာ၊ နောက်ခံလူ ဇန်ချင်ကိုနဲ့ တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုတို့ကိုခေါ်ယူထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အပြောင်းအရွှေ့မှာ ဆက်ပြီးလုပ်ဆောင်စရာတွေအများကြီးကျန်သေးပြီး တစ်ခုချင်းစီတိုင်းအတွက် အာရုံစိုက်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း အီဒူးကပြောပါတယ်။

“အသင်းက ကစားသမားတစ်ဦးချင်းစီအတွက် အစီအစဉ်တွေကိုယ်စီရှိပါတယ်။ ဒါကြောင့်လည်း အပြောင်းအရွှေ့စျေးကွက်မှာ လုပ်ဆောင်စရာတွေအများကြီးကျန်သေးတယ်လို့ ကျနော်ပြော တာပါ။ အသင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ဟန်ချက်ညီအောင်လုပ်ဆောင်ဖို့လိုပါတယ်” လို့ အီဒူးက ပြောပါတယ်။

အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲ ၄ ပွဲကစားပြီးရာမှာ ၄ ပွဲစလုံးအနိုင်ရလဒ်နဲ့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

//
Up