close

ကမ္ဘောဒီးယားတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ သြဂုတ် ၂ ရက်က ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီး အစည်းအဝေးခန်းမနေရာ အပြင်ဘက်မှာ လုံခြုံရေးဝန်ထမ်းတွေ စောင့်ကြပ်နေပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေး မိတ်ဘက်ဆက်ဆံရေး တိုးမြှင့်ရေး နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်တို့ အပါအဝင် အဓိက မိတ်ဘက်နိုင်ငံတွေက မိတ်ဘက်အများအပြားလည်း ဒေသတွင်းဖိုရမ်မှာ ပါဝင်တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ မြန်မာစစ်အာဏာရှင်တွေကတော့ စစ်တပ်ဘက်က မဟုတ်တဲ့သူကို ကိုယ်စားလှယ်စေလွှတ်ဖို့ အဆိုပြုချက်ကို ငြင်းဆိုခဲ့ပြီးနောက်မှာ မြန်မာဘက်က ကိုယ်စားလှယ်တော့ ရှိမှာမဟုတ်ကြောင်း သြဂုတ် ၁ ရက်နေ့မှာ အာဆီယံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အစည်းအဝေးတွေကို အင်္ဂါ‌‌ေန့ စတင်မှာဖြစ်ပြီး သြဂုတ် ၆ ရက် စနေနေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

//
Up