close

မြင်းမူတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလက္ကပ္ပရွာနဲ့ ဝမ်းပြည့်ရွာကြားမှာ ဩဂုတ် ၂ ရက် နေ့လယ် ၂ နာရီကျော်က စစ်ကောင်စီယာဉ်တန်း ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ၅ ဦးသေဆုံးခဲ့ပါတယ်။

အခုတိုက်ခိုက်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF (MMU) နဲ့ People Knight Defence Force Myintmu (PKDF.MMU) မဟာမိတ်အဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) တာဝန်ခံ တေဇက “ဖြစ်တာကတော့ မနေ့ကပါ။ စစ်ကောင်စီတပ်သား အကျအဆုံး သေချာအောင် စောင့်ပြီး သေချာမှ ထုတ်ပြန်ပေးတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းဘက်ကနေ မုံရွာဘက် မောင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်း ကား ၃၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီလို အကြမ်းဖက်စစ်ကောင်စီကို လက်နက်နဲ့ တိုက်ခိုက်ရှင်းလင်းမှုတွေ လုပ်တဲ့အခါ ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကူညီကြစေလိုတယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က မေတ္တာရပ်ခံထားပါတယ်။

//
Up