close

အယ်လ်ကိုင်းဒါးခေါင်းဆောင်ကို ခိုလှုံခွင့်ပေးသည့် တာလီဘန်များ ဒိုဟာသဘောတူညီချက် ချိုးဖောက်ဟု အမေရိကန်စွပ်စွဲ

အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇာဝါဟီရီကို အာဖဂန်နစ္စတန်မှာ ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန်တွေဟာ ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်လိုက်တာပဲလို့ အမေရိကန် အစိုးရက စွပ်စွဲလိုက်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက “တွေးနေတာ မဟုတ်ဘူး၊ ထင်မြင်ယူဆနေတာ မဟုတ်ဘူး၊ ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်မှုဆိုတာ သိတယ်” လို့ သြဂုတ် ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်ဒ်ကတော့ ကဘူးမြို့တော်မှာ တနင်္ဂနွေနေ့က ပစ်ခတ်မှုကို အစောပိုင်းက အတည်ပြုခဲ့ပြီး ဒါဟာ နိုင်ငံတကာစည်းမျဉ်းကို ချိုးဖောက်တာလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ ဒရုန်းယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အယ်လ်ကိုင်းဒါးခေါင်းဆောင် အီဂျစ် ခွဲစိတ်ပညာရှင် အိုင်မန် အယ်လ် ဇာဝါဟီရီဟာ ကဘူးလ်မြို့တော်က သူ့အိမ် လေသာဆောင်မှာ ရပ်နေတုန်း သေဆုံးခဲ့ပါတယ်။

ဇာဝါဟီရီ သေဆုံးတာကို အာဖဂန်ရဲ့ တာလီဘန်အစိုးရက အတည်မပြုပါဘူး။

အမေရိကန်မှာ လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကို ဇာဝါဟီရီက ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်က သတင်းထုတ်ပြန်ထားပါတယ်။

//
Up