Fantasy League တွင် မန်နေဂျာအများစုက ဂျေဆူကို ရွေးချယ်

ကိုယ်တိုင်မန်နေဂျာအနေနဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ယှဉ်ပြိုင်ကြတဲ့ Fantasy ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တိုက်စစ်မှူး ဂျေဆူကို မန်နေဂျာတွေအားလုံးရဲ့ ၄ ပုံ ၃ ပုံလောက်က ရွေးချယ်ထားကြပါတယ်။
ပရီးမီးယားလိဂ်ကနေစီစဉ်တဲ့ Fantasy လိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မန်နေဂျာကတဦးက ကစားသမား ၁၅ ဦး ရွေးချယ်ရပြီး ပေါင်သန်း ၁ဝဝ အထိ အသုံးပြုခွင့်ရှိပါတယ်။
တသင်းထဲကနေ ကစားသမား ၃ ဦးအထိပဲ ခေါ်ယူခွင့်ရပြီး တပတ်ချင်းစွမ်းဆောင်ရည်အလိုက် အမှတ်တွေပေးပါတယ်။
သက်ဆိုင်ရာနေရာအလိုက် စွမ်းဆောင်ရည်တွေကို အမှတ်ပေးရာမှာ တိုက်စစ်မှူးတွေအတွက်တော့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကို အဓိကအမှတ်ပေးပါတယ်။
အဲဒီလိုယှဉ်ပြိုင်ရတဲ့ Fantasy လိဂ်မှာ ပေါင် ၈ သန်း သတ်မှတ်ထားတဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျေဆုကို မန်နေဂျာတွေအားလုံးက ခြေစွမ်းပြသနိုင်မယ်လို့ ယူဆကြတာကြောင့် မန်နေဂျာ ၇၂ ဒသမ ၅ ရာခိုင်နှုန်းက ရွေးချယ်ဝယ်ယူထားကြတာပါ။
ဂျေဆူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ၇ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြခဲ့လို့ Fantasy မန်နေဂျာတွေရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်လာခဲ့တာပါ။ ဒါဟာ Fantasy ပရီးမီးယားလိဂ်သမိုင်းမှာ ရာခိုင်နှုန်းအများဆုံး ရွေးချယ်ခံရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။