ဟာလီဖက်စ်အသင်းနှင့် တံခါးပိတ်ခြေစမ်းပွဲတွင် မန်ယူအသင်း (၅-၁) ဂိုးဖြင့် အနိုင်ရ

အင်္ဂလန်ဘောလုံးလိဂ်အဆင့် ၅ ရှိ ဟာလီဖက်စ်တောင်းအသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ မန်ယူနိုက်တက်အသင်းက ၅ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တုန်းက ပွဲကစားခွင့်မရခဲ့သူတွေနဲ့ မိနစ်အနည်းငယ်သာ ကစားခဲ့ရသူတွေကို အခုခြေစမ်းပွဲမှာ ပွဲထွက်ကစားစေခဲ့တာပါ။
တိုက်စစ်မှူး ရော်နယ်ဒိုက ပွဲထွက် လူစာရင်းမှာပါဝင်ခဲ့ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာပါ။
ဗာရန်း၊ ဗန်ဒီဘိခ်တို့ အပါအဝင် အဲရစ်ဘိုင်ယီ၊ ဝမ်ဘစ်ဆာကာနဲ့ အီလန်ဂါတို့လည်းပါဝင်ခဲ့ပြီး တခြားလူငယ်တွေနဲ့ပွဲထွက်ခဲ့တာပါ။
မန်ယူအတွက်သွင်းဂိုးတွေကို အာမက်က ၂ ဂိုး၊ ဂါနာ၊ ဘိုင်ယီနဲ့ ဗာရန်းတို့က တစ်ဂိုးစီ သွင်းခဲ့ပြီး ဟာလီဖက်စ်ရတဲ့ဂိုးက ပင်နယ်တီကနေဖြစ်တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာမယ့် တစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။