ကာရေဘီယံဝန်ကြီးချုပ် ထိုင်ဝမ်ရောက်ရှိ

ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ဒါဇင်လောက် ရှိတဲ့အထဲမှာ ကာရေဘီယံနိုင်ငံ ၀န်ကြီးချုပ်ဟာ သြဂုတ် ၈ ရက်က ထိုင်ဝမ်ကို အလည်အပတ်ခရီး ရောက်ရှိနေပါတယ်။
ဒီလိုလာရောက်တာနဲ့ပတ်သက်လို့ ကာရေဘီယံနိုင်ငံ၀န်ကြီးချုပ်က စည်းလုံးညီညွတ်မှုကို ပြဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေဖို့ အားလုံးအတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကို ရှေးရှုဖို့ ရောက်နေတာလို့ ပြောခဲ့ပါတယ်။
ဒါအပြင် တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက သူငယ်ချင်းဆီ လာမလည်အောင် ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ပြောပြီး ကယ်ရစ်ဘီယံ ကျွန်းစုနိုင်ငံ၊ စိန့်ဗင်းဆင့်နဲ့ ဂရေနာဒိုင်းစ်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရပ်ဖ်ှ ဂွန်ဆောလ်ဗက်စ်ရဲ့ စကားကို လေးလေးနက်နက် ခံစားမိတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ပြောခဲ့ပါတယ်။
ချိုင်နဲ့ ဂွန်ဆောလ်ဗက်စ်တို့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို စစ်ဆေးကြည့်ရှုတဲ့ ကြိုဆိုပွဲအပြီးမှာ ချိုင်က ခုလို ပြောလိုက်တာပါ။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို လာရောက်လည်ပတ်ခဲ့လို့ တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်အနီးတစ်ဝိုက် ရေပြင်မှာ မကြာသေးမီရက်ပိုင်းအတွင်း အကြီးစား စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူပိုင်ဆိုင်တဲ့ သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားပါတယ်။