close

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီ ထိုင်ဝမ်မှ ပြန်လည်ထွက်ခွာ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီက စည်းလုံးညီညွတ်ဖို့ ကတိပြုပြီး ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ဂုဏ်ပြုကြောင်း ပြောခဲ့ပြီးတဲ့နောက် သြဂုတ် ၃ ရက်မှာ ထိုင်ဝမ်ကနေ ပြန်ထွက်သွားပါတယ်။

သူ့ရဲ့လေယာဉ်ဟာ မြို့တော် တိုင်ပေက ဆောင်ရှန်းလေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၆ နာရီ ဝန်းကျင်မှာ ပျံတက် ထွက်ခွာခဲ့ပါတယ်။

တရုတ်နိုင်ငံက သူပိုင်တဲ့ကျွန်းအဖြစ် အခိုင်အမာ ကြေညာထားပြီး ထိုင်ဝမ်သားတွေက ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို ပေလိုစီ ခဏလာလည်ခဲ့လို့ တရုတ်ပြည်မကြီးအစိုးရ ဒေါသတကြီး ဖြစ်ခဲ့တာပါ။

အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ သြဂုတ် ၂ ရက် နှောင်းပိုင်းမှာ စင်ကာပူနဲ့ မလေးရှားနိုင်ငံဆီကို အလည်အပတ်သွားအပြီး မကြေညာထားဘဲ ထိုင်ဝမ်မှာ ခဏဝင်နားခဲ့တာပါ။

ပေလိုစီဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဆီ ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

//
Up