close

ကာတာကမ္ဘာ့ဖလားကို သပိတ်မှောက်ထားဟု ဂျာမနီဂန္ထဝင် ဖိလစ်လမ်းပြော

ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိလို့ သပိတ်မှောက်ထားကြောင်း ဂျာမနီ ဂန္ထဝင်ဘောလုံးသမားကြီး ဖိလစ်လမ်းက ပြောပါတယ်။

ဘိုင်ယန်မြူးနစ် နောက်ခံလူဟောင်းလည်းဖြစ်တဲ့ ဖိလစ်လမ်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သူပါ။

ကာတာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို လိုက်ပါကြည့်ရှုမှာ မဟုတ်သလို ကိုယ်စားလှယ်အဖွဲ့မှာလည်း မပါဝင်ကြောင်း ဖိလစ်လမ်းက ပြောပါတယ်။

“လူ့အခွင့်အရေးတွေက ပြိုင်ပွဲတခု ကျင်းပခွင့်ပေးတဲ့အခါ အကြီးမားဆုံး အခန်းကဏ္ဍအနေနဲ့ ပါဝင်သင့်ပါတယ်။ ဒါမျိုးတွေကို အနာဂတ်မှာ ထပ်မဖြစ်သင့်တော့ပါဘူး” လို့ ဖိလစ်လမ်းက ပြောပါတယ်။

ကာတာနိုင်ငံက ဘောလုံးကွင်းတွေ ဆောက်လုပ်ရာမှာ ဘေးကင်းလုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင် အခြေအနေတွေကြောင့် တောင်အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၆,၅၀၀ လောက် သေဆုံးခဲ့တာကိုလည်း ဖိလစ်လမ်းက ထောက်ပြဝေဖန်ခဲ့ပါတယ်။

//
Up