close

ထိုင်ဝမ်စစ်တပ် စစ်ရေး‌လေ့ကျင့်မှုပြုလုပ်

ထိုင်ဝမ်စစ်တပ်ဟာ သြဂုတ် ၉ ရက်မှာ ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ် (UAV) တို့နဲ့ ပုံမှန်စစ်ရေးလေ့ကျင့်အပြီး လေယာဉ်ဟာ ပင်တုံခရိုင်တောင်ပိုင်းမှာ ဆင်းသက်ခဲ့ပါတယ်။ 

အစောပိုင်းမှာ စစ်သားတွေဟာ ရေရှည်စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် ဟောင်ဝစ်ဇာ အမြောက်တွေကို ပင်လယ်ပြင်ဆီ ပစ်လွှတ်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၁ ရက်မှာ ထပ်ပြီးပြုလုပ်မယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်က ထိုင်ဝမ်တဝိုက် ပင်လယ်ပြင်နဲ့ လေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုအသစ်တွေ ဆက်လုပ်မယ်လို့ ကြေညာပြီး တရက်အကြာမှာပဲ ထိုင်ဝမ်က ခုလို စစ်ရေးလေ့ကျင့်လာတာပါ။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်မှုအပေါ် တုံ့ပြန်ချက်အဖြစ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။

//
Up