close

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း ဆွေးနွေး

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုခေါ်ဖို့  အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြသစ် ခရစ္စတိုဖာဂယ်တီယာဟာ တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ တောင်းဆိုထားပြီး မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို ဦးစားပေးပစ်မှတ်ထားနေတာပါ။

ပီအက်စ်ဂျီ တာဝန်ရှိသူတွေဟာ  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရက်ဖို့ဒ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ပဲရစ်မြို့မှာတွေ့ ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နည်းပြပိုချက်တီနိုတာဝန်ယူစဉ်ကတည်းက ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ရက်ရှ်ဖို့ဒ် ဘက်ကတော့ ပြင်သစ်ကလပ်ဆီကို ပြောင်းရွှေ့လိုစိတ်မရှိသေးဘဲ မန်ယူအသင်းမှာ ဆက်ကစားဖို့ကို ဦးစားပေးစီစဉ်ထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်ရှိအင်္ဂလန် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ တစ်နှစ်သက်တမ်းသာကျန်ရှိ တော့ပေမယ့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

//
Up