အမှားများကို အမြန်ဆုံးသင်ခန်းစာယူရန် မန်ယူနည်းပြတန်ဟတ်ဂ် တိုက်တွန်း

ကစားသမားတွေအနေနဲ့ အမှားတွေကို အမြန်ဆုံးသင်ခန်းစာယူကြဖို့ နည်းပြတန်ဟတ်ဂ်က တိုက်တွန်းသွားပါတယ်။
ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အမှားအယွင်း များခဲ့တဲ့ ကစားသမားတွေအပေါ် နည်းပြတန်ဟတ်ဂ်က တိုက်တွန်းကစားဆိုခဲ့တာပါ။
မန်ယူအသင်းဟာ ပထမပိုင်းမှာပဲ ၂ ဂိုးပြတ်နဲ့ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ တစ်ဂိုးပြန်ရခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေရလောက်တဲ့အထိ တိုက်စစ်ပိုင်းက အသုံးမချနိုင်ခဲ့ပါဘူး။
“ကျနော်တို့ ဘောလုံးပေးပို့မှုတွေ မှားယွင်းခဲ့သလို ခံစစ်မှာလည်း စည်းလုံးညီညွတ်မှုမရှိတဲ့ အမှားတွေ ကျူးလွန်းခဲ့ကြတယ်။ ဒါတွေကို သင်ခန်းစာယူပြီး အမြန်ဆုံးသင်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဘရိုက်တန်က ကောင်းမွန်တဲ့ အသင်းဆိုပေမယ့် ကျနော်တို့ အသင်းအနေနဲ့ လွယ်ကူတဲ့သွင်းဂိုးတွေကို ခွင့်မပြုခဲ့သင့်ဘူး” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ဒုတိယပိုင်းမှာ ကွင်းလယ်ပိုင်းပိုကောင်းလာခဲ့ပြီး မားကပ်ရှ်ရက်ဖို့ဒ်က အပိုင်အခွင့်အရေး နှစ်ကြိမ်ရခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့တာက ရှက်စရာကောင်းကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ဝေဖန်သွားခဲ့ပါတယ်။
အမှားတွေကို ပြန်လည်လေ့လာသုံးသပ်ကာ အလုပ်ပိုကြိုးစားပြီး ရှေ့ဆက်သွားရမှာ ဖြစ်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။