ပြင်သစ်၌ လူနေအိမ်များအနီး တောမီးလောင်နေသည့်ရုပ်သံထွက်ပေါ်

5
ပြင်သစ်နိုင်ငံအရှေ့ပိုင်းမှာ လူနေအိမ်တွေအနီး တောမီးလောင်ကျွမ်းနေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဂျူရာတောင်တန်းဒေသမှာ ဩဂုတ် ၁၃ ရက်အထိ တောမီးလောင်ကျွမ်းခဲ့တဲ့ နေရာ နှစ်နေရာ ရှိခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် အန္တရာယ် ရှိနေတုန်းပဲလို့ မီးသတ်ဌာနက ပြောပါတယ်။
တောမီးကြောင့် သစ်တောဧရိယာ ၅၀၀ ဟတ်တာ လောင်ကျွမ်းခဲ့ပြီး လူတွေ ထိခိုက်တာ၊ လူနေအိမ်တွေ ပျက်စီးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒီနှစ်နွေမှာ ဥရောပ တခွင် တောမီးလောင်ကျွမ်းနေတာ သမိုင်းတလျှောက် ဒုတိယ အဆိုးဆုံးအထိ ဖြစ်လာပါတယ်။
ဒါပေမယ့် ဥရောပမှာ တောမီးလောင်ကျွမ်းတဲ့ ရာသီဟာ အခုမှ ခရီးတဝက်လောက်ပဲ ရောက်သေး တယ်လို့ ဥရောပသမဂ္ဂ ပူးတွဲ သုတေသနစင်တာက ဆိုပါတယ်။