ဂျပန်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သြဂုတ် ၁၅ ရက်က ရာနဲ့ချီတဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှုကို ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံတဝန်းက ဆန္ဒပြသူတွေဟာ တိုကျိုမြို့လယ်မှာ စုရုံးခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၇ နှစ်မြောက် ငြိမ်းချမ်းရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဆုကုနီနတ်ကွန်းကို လာရောက် လည်ပတ် ကြတာတွေကို ရှုတ်ချတဲ့ ကြွေးကြော်သံဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သူတို့သွားရာ လမ်းတလျှောက်မှာ ယာဆုကုနီ ဘုရားကျောင်းကို ဖျက်သိမ်းပစ်ဖို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။
ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ချီတက်ဆန္ဒပြမှုကို လိုက်ပါစောင့်ကြပ်နေပြီး လက်ယာဝါဒီသမားတွေက ချီတက်ဆန္ဒပြမှုကို ဖြိုခွင်းဖို့ ကြိုးစားနေကြတာကြောင့် သတိကြီးကြီးထားပြီး စောင့်ကြည့်နေပါတယ်။
တိုကျိုမြို့လယ်ရှိ ချီယိုဒါရပ်ကွက်မှာရှိတဲ့ ယာဆုကုနီ နတ်ကွန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက ပြစ်ဒဏ်သင့် အေ အဆင့် ဂျပန်စစ်ရာဇဝတ်ကောင် ၁၄ ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်လုပ်ထားတာပါ။
ယာဆုကုနီ နတ်ကွန်းဟာ ဂျပန်ရဲ့ သမိုင်းဝင် ရန်လိုမှုနဲ့ စစ်အာဏာရှင်ဝါဒကို ကိုယ်စားပြုတယ် ဆိုပြီး နိုင်ငံရေးသမားတွေ သို့မဟုတ် တခြားအုပ်စုတွေ နတ်ကွန်းကို လာရောက်မှုအပေါ် ဂျပန်လူမျိုး အများအပြားက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။