close

မြောက်ကိုရီးယားနှင့်ဆွေးနွေးမှု နိုင်ငံရေးအပြသက်သက် မဖြစ်သင့်ဟု ‌တောင်ကိုရီးယားသမ္မတ ပြော

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေဟာ နိုင်ငံရေးအပြသက်သက် မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်သင့်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက သြဂုတ် ၁၇ ရက် သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံး ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ယွန်းက မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှု အဆုံးသတ်ဖို့နဲ့ နျူကလီးယားကင်းစင်ရေးကို စီးပွားရေးအကူအညီတွေနဲ့ အလဲအလှယ်လုပ်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံအကြား အလားအလာရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေးအပြသက်သက် မဖြစ်သင့်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်မယ်ဆိုရင် တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို အာမခံပေးနိုင်တဲ့ အနေအထား မဟုတ်ပေမဲ့ ဆိုးလ်ဟာ မြောက်ကိုရီးယားမှာ အစိုးရအပြောင်းအလဲကို အတင်းအကျပ် မဖြစ်စေလိုကြောင်းလည်း ပြောပါတယ်။

သမ္မတ ယွန်းက ၁၉၁၀ မှ ၁၉၄၅ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ ကိုလိုနီပြု သိမ်းပိုက်ခဲ့တဲ့ သမိုင်းဝင်အငြင်းပွားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ကိုရီးယားနှစ်နိုင်ငံဟာ ထောက်ပံ့ရေးကွင်းဆက်နဲ့ စီးပွားရေး လုံခြုံရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

//
Up