ခါခိဗ်မြို့ လူနေရပ်ကွက်ကို ရုရှားပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံး

5
ယူကရိန်းနိုင်ငံ ခါခိဗ်မြို့က လူနေရပ်ကွက်တခုမှာ ရုရှားရဲ့ ပစ်ခတ်မှုကြောင့် လူခုနစ်ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး အိုလယ် ဆေနေဟူဘုံက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ် ဆက်သွယ်ရေး ကွန်ရက်ပေါ်ကနေ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။
“ဒါဟာ အကြောင်းပြချက်မရှိဘဲ အရပ်သားတွေကို ရိုင်းစိုင်းတဲ့၊ ရက်စက်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး ရန်လိုသူရဲ့ စွမ်းအားမဲ့မှုကို ပြသနေပါတယ်။ ကျနော်တို့ ခွင့်မလွှတ်နိုင်ပါဘူး။ ကျနော်တို့ လက်စားချေမယ်” လို့ ဇလန်စကီးက ပြောခဲ့ပါတယ်။