close

ယူကရိန်းက နျူကလီးယားဘေးအန္တရာယ် တုံ့ပြန်ရေး လေ့ကျင့်

ဥရောပရဲ့ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ဇာပိုရစ်ချ်ဇီယာမှာ ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပြီးနောက် စက်ရုံက ယူကရိန်းအာဏာပိုင်တွေဟာ သြဂုတ် ၁၇ ရက်မှာ နျူကလီးယား ဘေးအန္တရာယ် တုံ့ပြန်ရေး လေ့ကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်တာတွေကို စောင့်ကြည့်လေ့လာဖို့ သတင်းထောက်တွေကို ဖိတ်ကြားခဲ့ပြီး လာမယ့်ရက်တွေမှာ ထပ်လေ့ကျင့်မယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

စက်ရုံကနေ ၃၁ မိုင်အကွာက ရုရှားသိမ်းပိုက်ထားတဲ့ အယ်နာဟိုးဒါ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဘေးကင်းရေးနဲ့ ပတ်သက်ပြီး သူ့အစိုးရက အလွန်စိုးရိမ်မိတယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဟာမန် ဟာလုရှ်ချန်ကိုက ပြောပါတယ်။

ရုရှားစစ်တပ်က ဩဂုတ် ၅ ရက် စပစ်ခတ်ချိန်ကစပြီး အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဇာပိုရစ်ချ်ဇီယာ နျူကလီးယားစက်ရုံက လုံခြုံရေးအခြေအနေရှေ့မှာ မျက်စိမမှိတ်ထားဘဲ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က သမာသမတ်ကျကြောင်း ပြသဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့က IAEA စစ်ဆေးရေးမှူးတွေ စက်ရုံကို လာရောက် လည်ပတ်စေချင်တယ်လို့ ပြောပြီး အေဂျင်စီရဲ့ အကြီးအကဲ ရာဖယ် ဂရော့စီက လုပ်ငန်းအဖွဲ့တရပ်ကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

//
Up