close

တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် လူ ၁၇ ဦးသေဆုံး

တရုတ်နိုင်ငံအနောက်ပိုင်း ချင်းဟိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ပျောက်ဆုံးနေတယ်လို့  နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၈ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ချင်းဟိုင်ပြည်နယ်မှာ သြဂုတ် ၁၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်တွေပေါ်မှာ ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။

ဒေသန္တရအစိုးရဟာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူအင်အား ၂,၀၀၀ ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ကားအစီးရေ ၁၆၀ ကျော်ကို စေလွှတ်ခဲ့ပါတယ်။

ဇွန်လကတည်းက တရုတ်နိုင်ငံဟာ အပူလှိုင်းဒဏ်ကနေ သမိုင်းဝင် ရေကြီးတာအထိ ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရင်ဆိုင်နေရတာပါ။ အစိုးရကတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို ပိုမိုထိခိုက်စေမှာဖြစ်ကြောင်း အပြစ်တင်ထားပါတယ်။

//
Up