close

စီရော်နယ်ဒိုကို ခေါ်ယူမည်မဟုတ်ဟု ဒေါ့မွန်အားကစားဒါရိုက်တာပြော

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူမှာ မဟုတ်ကြောင်း ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ ဆီဘက်စ်တီယန်ခါးလ်က ဖြေရှင်းသွားပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေပေမဲ့ အပြောင်းအရွှေ့အတွက် တံခါးဖွင့်ထားပြီး ဒေါ့မွန်အပါအဝင် ဥရောပထိပ်တန်အသင်း အများစုနဲ့ သတင်းထွက်ပေါ်နေတာပါ။

အဲဒီလိုသတင်း ထွက်ပေါ်လာတဲ့အပေါ် ဒေါ့မွန် အားကစားဒါရိုက်တာခါးလ်က BILD TV နဲ့ အင်တာဗျူးမှာ ဖြေရှင်းခဲ့တာပါ။

“ခရစ္စတီယာနိုရော်နယ်ဒိုက ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ ဒီလောက်ပါပဲ။ သူက ထူးချွန်တဲ့ ခြေစွမ်းရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဒီလိုကောလဟလတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်” လို့ အားကစားဒါရိုက်တာ ခါးလ်က ပြောပါတယ်။ 

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရ စီရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းထွက် ပေါ်နေပါတယ်။

//
Up