close

မန်ယူအသင်း လီဗာပူးကို(၂-၁) ဂိုးဖြင့် အနိုင်ရ

ဩဂုတ် ၂၃ ရက် မနက်အစောပိုင်းက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က လီဗာပူးအသင်းကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားအောက်ဆုံးကနေ အဆင့် ၁၄ နေရာကို တက်လာပါတယ်။

မန်ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ကွင်းမှာကစားခဲ့တဲ့ ဒီပွဲမှာ မန်ယူအတွက် အနိုင်ဂိုးကို ပထမပိုင်း ပွဲချိန် ၁၆ မိနစ်မှာ ဆန်ချိုက သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ  မန်ယူက ၁ ဂိုးအသာနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က မန်ယူအတွက်  ဒုတိယ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး လီဗာပူးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ဆာလာက သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာတော့ မန်ယူက ဒီနှစ်ရာသီရဲ့ ပထမဆုံးနိုင်ပွဲရ ရှိသွားပါတယ်။

အခုနှစ်ရာသီအစမှာ နိုင်ပွဲလုံးဝမရသေးတဲ့ မန်ယူနဲ့ လီဗာပူးတို့ အနိုင်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး  လီဗာပူးက ဘောလုံးပိုင်းဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေပါ ပိုမိုရရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်ယူက နှစ်ပွဲရှုံး တပွဲနိုင် ရမှတ် ၃ မှတ်နဲ့  အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို တက်လာပြီး လီဗာပူးကတော့ နှစ်ပွဲသရေ တပွဲရှုံး ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယား ၁၆ နေရာမှာ အသီးသီးရပ်တည်နေပါတယ်။

//
Up