မန်ယူအသင်းကို ဝယ်ယူနေဟု အီလွန်မတ်စ်ခ် ပြော

တက်စ်လာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ခ်က မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်ကို ဝယ်နေတယ်လို့ သြဂုတ် ၁၆ ရက်က ပြောလိုက်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မတ်စ်ခ်ဟာ တွစ်တာ လူမှုကွန်ရက်မီဒီယာကို ဝယ်ဖို့ လုပ်ဖူးတဲ့ သမိုင်းကြောင်းရှိပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိမရှိ ချက်ချင်းမသိရသေးပါဘူး။
“ကျနော် မန်ချက်စတာယူနိုက်တက်ကို ဝယ်နေပါတယ်” လို့ မတ်စ်ခ်က တွစ်တာမှာ ရေးတာပါ။
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းဟာ ကမ္ဘာပေါ်မှာ ပံ့ပိုးကူညီမှုအကောင်းဆုံး ဘောလုံးအသင်းတွေထဲက တခုပါ။
အင်္ဂလန်ရဲ့ စံချိန်တင် ချန်ပီယံ အကြိမ် ၂၀ နဲ့ ဂုဏ်သိက္ခာအရှိဆုံး ကလပ်တွေနဲ့ ယှဉ်ပြိုင်ရင်း ဥရောပ ချန်ပီယံဆုဖလား ၃ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား ဂလေဇာမိသားစုက ထိန်းချုပ်ထားတဲ့ မန်ယူအဖွဲ့ကို မှတ်ချက်ပေးဖို့ တောင်းဆိုပေမဲ့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။
မန်ယူနိုက်တက် ဘောလုံးအသင်းဟာ အင်္ဂါနေ့ စတော့ဈေးကွက်ပိတ်ချိန်အထိ စျေးကွက်အရင်းအနှီး ဒေါ်လာ ၂ ဒသမ ၀၈ ဘီလီယံ ရှိထားပါတယ်။