close

လီဗာပူးနှင့်ပွဲစဉ်တွင် လူငယ်ကစားသမားများကို ပွဲထုတ်ရန် မန်ယူအသင်းကို ဖာဒီနန် တိုက်တွန်း

လီဗာပူးနဲ့ ကန်မယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ မှာ လူငယ်ကစားသမားတွေကို ပွဲထုတ်ဖို့ မန်ယူ နည်းပြတန်ဟတ်ဂ်ကို  မန်ယူ နောက်တန်းကစားသမားဟောင်း ဖာဒီနန်က တိုက်တွန်းပါတယ်။

မန်ယူအသင်းဟာ အဖွင့်ပွဲစဉ် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး ခြေစွမ်းပိုင်းအရလည်း အားရစရာမရှိခဲ့ပါဘူး။

အဲဒီအပေါ်မှာ နောက်ခံလူဟောင်း ဖာဒီနန်က စီနီယာကစားသမားတွေဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်မှုမရှိကြောင်း ဝေဖန်ခဲ့ပြီး လူငယ်တွေကို ပွဲထုတ်သင့်ကြောင်း အကြံပေးခဲ့တာပါ။

မန်ယူအသင်းမှာ ဇီဒန်းအစ်ဘယ်၊ ချာလီဆာဗေ့ချ်နဲ့ ဂျိမ်းစ်ဂါနာတို့လို လူငယ်ကစားသမားတွေရှိပြီး သူတို့ဟာ ပွဲထွက်ခွင့်အတွက် ထိုက်တန်နေပြီဖြစ်ကြောင်း ဖာဒီနန်က ထောက်ခံစကား ဆိုခဲ့ပါတယ်။

စီနီယာကစားသမားတွေဟာ အမှားတွေ ထပ်ကာထပ်ကာ ကျူးလွန်နေကြပြီး တယောက်နဲ့ တယောက် လက်ညှိုးထိုးနေကြမှာဖြစ်လို့ လူငယ်တွေကို ပွဲထွက်ခွင့်ပေးသင့်ကြောင်း ဖာဒီနန်က ပြောသွားခဲ့ပါတယ်။

//
Up