close

သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း ဇနီးမောင်နှံ ဖမ်းဆီးခံရသည့်အပေါ် ဗြိတိန်သံရုံး စိုးရိမ်

Vicky Bowman (Photo courtesy of Myanmar Centre for Responsible Business)

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ သူ့ရဲ့ခင်ပွန်းတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဗြိတိန်အမျိုးသမီးတယောက် ဖမ်းဆီးခံရမှုအပေါ် စိုးရိမ်ပူပန်နေပါတယ်။ သက်ဆိုင်ရာ ပြည်တွင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီးတော့ အကူအညီပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်” လို့ သံရုံးပြော ခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ ပန်းချီဆရာ ထိန်လင်းတို့ကို စစ်ကောင်စီက ဩဂုတ် ၂၄ ရက် မနေ့က ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကာ အနောက်တိုင်းမှ အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ “တာဝန်သိ စီးပွားရေး မြန်မာစင်တာ” Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးစစ်ဆေးဖို့ရှိတယ်လို့ ခေါ်ဆောင်သွားတာလို့ သိရပြီး ဘာကြောင့် ဖမ်းဆီးတယ် လတ်တလော ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

//
Up