close

တောင်ကိုရီးယား ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်

တောင်ကိုရီးယားနိုင်ငံရဲ့ ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့   သြဂုတ် ၂၅ ရက်မှာ  ဘဏ်ရဲ့ အခြေခံစံနှုန်း ၂၅ မှတ်ကို ၂ ဒသမ ၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။

ဘဏ်အုပ်ချုပ်ရေးမှူး ရီချန်းယောင်းက “ကိုရီးယားဘဏ် (BOK) က ငွေကြေးဖောင်းပွမှုအပေါ် အာရုံစိုက်တဲ့ ငွေကြေးမူဝါဒကို ခဏတာ အကောင်အထည်ဖော်ဖို့နဲ့ လက်ရှိ ငွေကြေးဖောင်းပွမှုနဲ့ တိုးတက်မှု အလားအလာအောက်မှာ အတိုးနှုန်းကို မြှင့်တင်ဖို့ လိုလားကြောင်း စီရင်ဆုံးဖြတ်ခဲ့တယ်” လို့ ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘဏ်ဟာ အခုနှစ်ရဲ့ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်ကို ၄ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ဒသမ ၂ ရာခိုင်နှုန်းထိ မြှင့်တင်ခဲ့ပြီး ဒါဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း အလျှင်မြန်ဆုံးနှုန်း ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အရင်က တောင်ကိုရီးယားရဲ့ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၂ ဒသမ ၇ ရာခိုင်နှုန်းကနေ အခုနှစ်မှာ ၂ ဒသမ ၆ ရာခိုင်နှုန်းထိ လျှော့ချခဲ့ပါတယ်။ တိုးတက်မှုနှုန်းဟာ ၂၀၂၃ မှာ ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ နှေးကွေးသွားမယ်လို့လည်း ရှုမြင်ထားပါတယ်။

//
Up