close

မက္ကဆီကိုတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ

မက္ကဆီကိုနိုင်ငံက ပက်ထရိုလိုစ်မက္ကဆီကာနိုစ် (ပီးမက်စ်) ဓာတ်ငွေ့ပိုက်လိုင်းဟာ ဓာတ်ငွေ့ယိုစိမ့်မှု ကြောင့် သြဂုတ် ၂၆ ရက် မနက်ပိုင်းက ပေါက်ကွဲခဲ့ပါတယ်။

ပြုပြင်ထိန်းသိမ်းရေး လုပ်နေချိန်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ပွေဘလာပြည်နယ် အာမိုဇော့မြို့မှာ ပီးမက်စ်ဘက်ဟိုး ရေနံတူးစက်ဟာ ပိုက်လိုင်းကို ထိုးဖောက်သွားရာကနေ ဓာတ်ငွေ့ပိုက်လိုင်းမှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ကြိုတင်ကာကွယ်မှုအနေနဲ့ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်ဖို့ အနီးပတ်ဝန်းကျင်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

လူသေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု မရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် အိမ်သုံးလုံး ပျက်စီးခဲ့ပါတယ်။

//
Up