၉ ဂိုးပြတ်အနိုင်ရမှု တဖက်အသင်းကို မလေးမစား အရှက်ရအောင်လုပ်ခြင်းမဟုတ်ဟု လီဗာပူးနည်းပြပြော

မနေ့ညကဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တာဟာ ပြီးခဲ့တဲ့ပွဲတုန်းက အရှုံးရလဒ်ကို တုံ့ပြန်ချေပလိုတာကြောင့်ဖြစ်ပြီး တဖက်အသင်းကို မလေးမစား အရှက်ရအောင် လုပ်တာမဟုတ်ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တပတ်က မန်ယူအသင်းကို ၂ ဂိုး ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒီတစ်ပတ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပွဲမတိုင်ခင်ကတည်းက အရှုံးရလဒ်ကို ပြန်လည်တုံ့ပြန်မှု တခုလုပ်ဖို့ အလိုရှိခဲ့ကြောင်း၊ ကစားသမားတွေအနေနဲ့ အကောင်းဆုံးခြေစွမ်း ထုတ်ပြန်နိုင်ဖို့မှာကြားခဲ့ကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
၉ ဂိုးပြတ်သွင်းခဲ့တာဟာ ဘုန်းမောက်အသင်းကို မလေးမစားလုပ်ခဲ့တာ မဟုတ်ကြောင်းနဲ့ အရှက်စရာဖြစ်အောင် လုပ်ခဲ့တာမဟုတ်ကြောင်း နည်းပြယာဂန် ကလော့ပ်က ပြောပါတယ်။